နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) သံဃာတော် ၄၃၇ ပါးတို့၏ ပုရိမဝါ ဝါဆိုဝါကပ်ပွဲ အခမ်းအနား ကျင်းပ

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ရှိ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ အမှူးပြုသော သံဃာတော် ၄၃၇ ပါးတို့၏ ပုရိမဝါ ဝါဆိုဝါကပ်ပွဲ အခမ်းအနားကို ယနေ့ ၁၃၈၆  ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ (၂၁-၇-၂၀၂၄) တနင်္ဂနွေနေ့၊ ညနေ ၅ နာရီ အချိန်တွင် တက္ကသိုလ်ရှိ မောင်ဝိတ်ဓမ္မဝိဟာရ၌ ကျင်းပပါသည်။ 

 

အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာတော်မှ စ၍ ထေရ်စဥ်ဝါလိုက် ဝါဆိုဝါကပ်တော်မူကြပါသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိက အမှူးပြုသော သံဃာတော်များက ပါမောက္ခချုပ်ဆရာတော်အား သြကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြကာ ပါမောက္ခချုပ်ဆရာတော်က သြဝါဒကထာ ပြန်လည် ချီးမြှင့်တော်မူပါသည်။

 

အခမ်းအနားပြီးဆုံးချိန်တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မိုး ဦးဆောင်သော ဝန်ထမ်းမိသားစုများက အအေးအဖျော်များ ဆက်ကပ်လှူဒါန်းကြပါသည်။

 

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)

21.7.2024(Sunday)